Skip to playerSkip to main contentSkip to footer
  • 8 years ago
ဂီတပညာရှင် စန္ဒရားကွန်းဇော်ဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၈ရက် မနက် ၁၁နာရီ အချိန် က အမှတ် ၂ စစ်ဆေးရုံ မှာ လည်ချောင်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ အသက်၇၆နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ၁၀ရက်ညနေမှာ ရေဝေးသုသာန်မှာ သဂြိုလ်မှာ ဖြစ်ပါတယ်။ အချစ်ဆုံးမို့ ပြောပြချင်ပါတယ်၊ နှင်းဆီမလေး ချစ်ပုံပြင်၊ မောင်လူချော၊ မောင့်ကိုချစ်ဖို့ မွေးဖွားလာပါတယ် အစရှိတဲ့ အောင်မြင်ကျော်ကြားတဲ့ သီချင်းတွေကို ဖန်တီးရေးစပ်ခဲ့သူလည်း ဖြစ်ပါတယ်။ နောက်ဆုံးအနုပညာ လှုပ်ရှားမှု အနေနဲ့ နီနီဝင်းရွှေရဲ့ Showကို ဦးဆောင်စီစဉ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပြထားပါတယ်။
ရုပ်သံတင်းထောက်- မြတ်သီဟမောင်

Category

🗞
News

Recommended

15:37