ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ ထောက်ခံကြိုဆိုပွဲကို မန္တလေးမှာရှိတဲ့ ငြိမ်းချမ်းရေး လိုလားသူတွေက ဦးဆောင်ပြီးတော့ ကျုံးအနောက် လမ်း၈၀ မှာ ပြုလုပ်ခဲ့ပါတယ်။ မန္တလေးမြို့မှ ငြိမ်းချမ်းရေး လိုလားသူများ၊ ရပ်မိရပ်ဖများ၊ နိုင်ငံရေးပါတီများ၊ ကျောက်ဝိုင်း၊ ဈေးချို တို့က ပြည်သူ ၁၀၀ကျော် ပါဝင်ခဲ့ပါတယ်။ ဒီကနေ့ နေ့လယ်၂နာရီ ကျုံးအနောက်ဘက် လမ်း၈၀၊ လမ်း ၂၅x၂၄ကြားမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ငြိမ်းချမ်းရေး ညီလာခံ ထောက်ခံကြိုဆိုပွဲမှာ ငြိမ်းချမ်းရေး စတစ်ကာတွေ စာရွက်တွေ၊ ပြည်ထောင်စုငြိမ်းချမ်းအောင် ကြိုပမ်းဆောင်ရွက်ကြဖို့ စတဲ့ စာတွေဝေငှခဲ့ကြပါတယ်။
ရုပ်သံသတင်းထောက် - ဖြိုးဖြိုးဇော်
Comments