Skip to playerSkip to main contentSkip to footer
  • 8 years ago
အမေရိကန်ကို အမျိုးသမီးတွေ ဦးဆောင်လာနိုင်ဖို့ တောက်ပတဲ့ အနာဂတ်မျိုး ရှိနေကြောင်း ဟီလာရီ ကလင်တန်က ပြောကြားခဲ့ပါတယ်။ အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့်ကို အရေးနိမ့်ခဲ့ပေမယ့် ဟီလာရီဟာ သမိုင်းတလျှောက် အမေရိကန် သမ္မတ ရာထူးအတွက် ယှဉ်ပြိုင်သူတွေထဲမှာ ပထမဆုံးသော အမျိုးသမီးအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှု ပြီးကတည်းက နှုတ်ဆိတ်နေတဲ့ ဟီလာရီဟာ အခုအခါမှာတော့ အမေရိကန် နိုင်ငံရေး နယ်ပယ်ကို ဦးဆောင်ဖို့ အမျိုးသမီးငယ်တွေ အနေနဲ့ ပိုပြီး ကြိုးစား အားထုတ်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ ဟီလာရီက အမျိုးသမီးတိုင်း၊ မိန်းကလေးတိုင်း အတွက် စံနမူနာ ပြုထိုက်တဲ့သူမျိုး ဖြစ်လာအောင် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ဖို့လည်း အမေရိကန် အမျိုးသမီးထု တစ်ရပ်လုံးကို ရည်ရွယ်ပြီး တိုက်တွန်းသွားခဲ့ပါတယ်။

Category

🗞
News

Recommended

15:37