Skip to playerSkip to main contentSkip to footer
  • 8 years ago
လှိုင်သာယာ အပါအဝင် ရန်ကုန်မှာရှိတဲ့ မြို့နယ် ငါးမြို့နယ်မှာ ၀က်သက်ရောဂါကပ်အသွင် ကူးစက်ဖြစ်ပွားနေတာကြောင့် ၀က်သက်ရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံတာတွေကို စတင်လုပ်နေပါပြီ။ ဒီရက်ပိုင်းထဲ လှိုင်သာယာမြို့နယ်မှာ အသက် ကိုးလ မှ သက်ကြီးတွေအထိ လူဦးရေ ၈၀ ကျော် ၀က်သက်ရောဂါ ဖြစ်ပွားခဲ့တာပါ။ တွံတေး၊ အင်းစိန်၊ ကြည့်မြင်တိုင်နဲ့သာကေတမြို့နယ်တွေမှာလည်း ၀က်သက်ရောဂါဖြစ်ပွားသူတွေ တွေ့ရှိခဲ့ရပါတယ်။ ၀က်သက်ရောဂါ လက္ခဏာတွေကတော့ ဖျားတာ ခန္ဓာကိုယ်အနှံ့မှာ အနီစက်၊ အနီရောင်အပိမ့်တွေ ထွက်တာ၊ ချောင်းဆိုး၊ နှာရည်ယိုတာနဲ့ မျက်လုံးနီပြီး မျက်ဝတ်ထွက်တာတွေ ဖြစ်ပါတယ်။ ၀က်သက်ရောဂါဖြစ်ပွားပြီးရင်တော့ အဆုတ်ရောင်တာ၊ ၀မ်းလျှောဝမ်းပျက်တာ ဦးနှောက်ရောင်ရမ်းတာစတဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်ပွားတတ်ပြီး အသက် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။


ရုပ်သံသတင်းထောက်- လွင်သဲငယ်ဦး

Category

🗞
News

Recommended

15:37