Skip to playerSkip to main contentSkip to footer
  • 8 years ago
တရားဥပဒေ စိုးမိုးရေးနဲ့ မျှတစွာ တရားစီရင်ရေး အတွက် ဆန္ဒပြတောင်းဆိုမှုကြောင့် ပုဒ်မ၁၉နဲ့ တရားစွဲဆိုခံရတဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MDCF) အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်နဲ့ ကိုစိုးဇော်တို့ကို ကျောက်တံတားမြို့နယ်တရားသူကြီးက ထောင်ဒဏ် နှစ်လ အမိန့်ချမှတ်လိုက်ပါတယ်။ ကိုထင်ကျော်နှင့် ကိုစိုးဇော်တို့ဟာ ၂၀၁၆ခုနှစ် စက်တင်ဘာ ၃၀ ရက်က တရားဥပဒေ စိုးမိုးရေးနှင့် မျှတစွာ တရားစီရင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့တွင် ဆန္ဒပြခဲ့တာပါ။တပ်မတော်မှ စစ်ဗိုလ်ချုပ်များကို ဆဲဆိုမှုနဲ့ ကိုထင်ကျော်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးတစ်ဦးက ပုဒ်မ ၅၀၅(က)နဲ့ တရားလိုပြုလုပ်ကာ အောက်တိုဘာလ အတွင်းက တရားစွဲဆိုထားကြောင်းလည်း သိရပါတယ်။


သတင်းထောက်-ငြိမ်းချမ်း၊ ရိုက်ကူး- မြတ်သီဟမောင်

Category

🗞
News

Recommended

15:37