Skip to playerSkip to main content
  • 8 years ago
သူတော်စင် အမျိုးသမီး စိန့်အေဂါသာကို ရည်စူးဂုဏ်ပြုတဲ့ နှစ်ပတ်လည် အခမ်းအနားကို အီတလီနိုင်ငံ၊ စစ္စလီ ကျွန်းပေါ်မှာ ကျင်းပခဲ့ပြီး လူပေါင်း သန်းနဲ့ချီ ပါဝင် ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။ ကာတာနီးယားဇာတိ သူတော်စင် အမျိုးသမီးရဲ့ ဘဝဖြတ်သန်းမှုနဲ့ အာဇာနည်ဆန်ဆန် ပေးဆပ် အနစ်နာခံမှုတွေကို နှစ်စဉ် ဖေဖော်ဝါရီ ၃ ရက်ကနေ ၅ ရက်ထိ ကာတာနီးယားမှာ ကျင်းပလေ့ ရှိပါတယ်။ ဒီအခမ်းအနားကို မြို့ခံတွေအပြင် ကမ္ဘာလှည့် ခရီးသည်တွေပါ ပါဝင် ဆင်နွှဲလေ့ ရှိကြပါတယ်။ ပွဲတော်ကာလမှာ ဒေသထွက် အစားအစားတွေကိုလည်း တည်ခင်းရောင်းချလေ့ရှိပြီး ကမ္ဘာလှည့် ခရီးသည်တွေကြားမှာ အထူးရေပန်းစားလေ့ ရှိပါတယ်။ ဥရောပတလွှားမှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာကြောင့် အခုနှစ် ပွဲတော်မှာတော့ လုံခြုံရေးကို တိုးမြှင့်ထားပြီး လူစည်ကားရာ လမ်းတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ ဖြန့်ကျက် ကင်းလှည့်ခဲ့တယ်လို့ သိရပါတယ်။

Category

🗞
News
Comments

Recommended