တညင်းကုန်း သစ်သီးဝလံ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန်အဆင့်မြင့်လက်ကားဈေးသစ် တည်ဆောက်ရေးစီမံကိန်းရဲ့ ပထမဦးဆုံးအဆင့် ဈေးရုံ(၃)ရုံတည်ဆောက်ရေးအပိုင်းဟာ ၉၀ရာခိုင်နှုန်းကျော်ပြီးစီးနေပါပြီ။ မတ်လလောက်မှာ အချောသတ်မယ်လို့ လျာထားကြောင်းသိရပါတယ်။ ဒီဈေးရုံ ၃ ရုံမှာ ဆိုင်ခန်းပေါင်း ၅၅၀၀ ကျော်ပါဝင်မှာဖြစ်ပါတယ်။ ဒီပထမအဆင့်ပြီးတာနဲ့ တညင်းကုန်းဈေးထဲက ဈေးသည်တွေကို ဈေးသစ်မှာ ပြောင်းရွေ့နေရာချပေးဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ညှိနှိုင်းဆောင်ရွက်တော့မှာဖြစ်တယ်လို့သိရပါတယ်။
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး
Comments