Skip to playerSkip to main contentSkip to footer
  • 10/6/2017
မကွေးတိုင်းဒေသကြီး မင်ဘူးမြို့နယ် ရွှေစက်တော်ဘုရားကိုသွားတဲ့ လမ်းဘေးတွေမှာ တောမီးရှို့ထားတာတွေကိုမြင်တွေ့ရမှာပါ။ တောမီးရှို့လို သေသွားတဲ့ အပင်တွေကို ထင်းအဖြစ်၊ အိမ်တိုင်အဖြစ် အသုံးပြု ဖို့အတွက် ရှို့ကြတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ တောမီးမရှို့ဖို့နဲ့ ရှို့ခဲ့ရင် သစ်တောဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့တာမြစ်ထားပေမဲ့ ရှို့တဲ့သူကိုဖမ်းမိဖို့ခက်ခဲတယ်လို့ သစ်တောဝန်ထမ်းတစ်ဦးကပြောပါတယ်။ တောမီးမရှို့ဖို့ အတွက် ဒေသခံတွေကို ပညာပေး ဟောပြောတာတွေ သစ်တောဦးစီးဌာနအနေနဲ့ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - မိုးကျော်

Category

🗞
News

Recommended

15:37