Skip to playerSkip to main contentSkip to footer
  • 8 years ago
ပုဂ္ဂလိကဘဏ်တွေ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး တောင်သူလယ်သမားတွေ အတွက် လယ်ထွန်စက်တွေကို သုံးနှစ်အရစ်ကျစနစ်နဲ့ ရောင်းချပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးလှကျော်က ဒီနေ့ ဖေဖေါ်ဝါရီ ၃ ရက်မှာ ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ် တစ်ဦးရဲ့ မေးခွန်းကို ပြန်လည် ဖြေကြားပေးခဲ့တာပါ။ လက်ရှိအချိန်ထိ ခေတ်မီထွန်စက်ကြီး ၄၉၀ စီးနဲ့ လက်တွန်းထွန်စက် ၃၅၀၀၀ ကျော်ကို လေးနှစ်အတွင်းရောင်းချပေးထားတယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက်-မောင်သင်တုန်း

Category

🗞
News

Recommended

15:37