Skip to playerSkip to main content
  • 8 years ago
အလုပ်သမား ဥပဒေပါ ပြဌာန်းချက်တွေကို ချိုးဖောက်တဲ့အပြင် အလုပ်သမား ခေါင်းဆောင်ကိုပါ အလုပ်ထုတ်ခဲ့လို့ အလုပ်သမား ငါးရာကျော်က အနီရောင် နဖူးစည်းပါဝါတွေ ဝတ်ပြီး ဆန္ဒပြ တောင်းဆိုနေတာပါ။ လှိုင်သာယာ၊ ရွှေလင်ဗန်းစက်မှုဇုန်က ကင်းဝန်မင်းကြီး လမ်းမှာ ရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဟန်ကျိုးပိုင်ရီ အထည်ချုပ် စက်ရုံမှာ ဆန္ဒပြနေတာ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်ဆို သုံးရက် ရှိပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာလ အတွင်းကလည်း ဒီစက်ရုံမှာဘဲ အခြေခံ လုပ်ခ လစာ မပေးလို့ အလုပ်သမားတွေဟာ ၇ ရက်ကြာ ဆန္ဒပြ တောင်းဆိုခဲ့ပါသေးတယ်။ အဲ့ဒီတောင်းဆိုမှု အပြီးမှာ အခြေခံ လုပ်ခ သတ်မှတ်ချက်အတိုင်း ပေးဖို့ အလုပ်ရှင် အလုပ်သမားကြား သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် အလုပ်ရှင်ဘက်က ပျက်ကွက်ဆဲ ဖြစ်တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

ရုပ်သံ သတင်းထောက် - အလှလေး သူဇာ

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37