Skip to playerSkip to main content
  • 8 years ago
ပါဖောမန့်ကောင်းကောင်နဲ့ ပြသထားတဲ့ ၁၉၆၀ ခုနှစ်ထုတ် မာစီဒီးကားကလည်း ပရိတ်သတ် စိတ်ဝင်စားမှု အများဆုံး ကားတွေထဲက တစ်စီး ဖြစ်ခဲ့ပါတယ်။ မာစီးဒီး ကား အမျိုးအစားတွေဟာ အမြဲမပျက် အသစ်တွေ ထွက်ပေါ်နေပေမယ့် ကားဟောင်းတွေကိုမှ ကြိုက်နှစ်သက်သူတွေ အတွက်ကတော့ ဒီမာစီးဒီးကားဟာ စွဲဆောင်မှု အပြည့် ရှိနေဆဲ ဖြစ်ပါတယ်။ မာစီးဒီးကားကို ဂျာမနီနိုင်ငံက ထုတ်လုပ်တာ ဖြစ်ပြီး ကားမှာ အင်ဂျင် ခြောက်လုံး ပါဝင်ပါတယ်။ ဇန်န၀ါရီလ ၂၈ ရက်နဲ့ ၂၉ ရက် နှစ်ရက်တာ ခေတ်ဟောင်း ကားပြပွဲမှာ ပြသခဲ့တဲ့ ဂျာမနီ နိုင်ငံထုတ် မာစီဒီးကားကို ပိုင်ဆိုင်တာကတော့ Myanmar Classic Cars Club ရဲ့ ဥက္ကဌ ဦးမြတ်သူ ဖြစ်ပါတယ်။ ဒီကားတွေကို အများဆုံး အသုံးပြုတာကတော့ မင်္ဂလာဆောင်တို့လို အခမ်းအနားပွဲတို့လို စတဲ့ အထိမ်းအမှတ်ပွဲတွေမှာ အဓိက အသုံးပြုတာပါ။
ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

🗞
News
Comments

Recommended