Skip to playerSkip to main content
  • 9 years ago
ပြင်သစ်အလှမယ် အိုင်းရစ် မစ်တန်နရီဟာ Miss Universe 2016 ဆုကိုဆွတ်ခူးရရှိခဲ့ပြီဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့တော့ Miss Universe ခရီးစဉ်တစ်လျှောက်မှာ ၁၉၅၃ခုနှစ်က ပထမဦးဆုံးအကြိမ်ဆုခူးရရှိခဲ့ပြီး အခုဆိုရင်တော့ ဒုတိယမြောက် ဆွတ်ခူးရရှိခဲ့တာပါ။ Miss Universe 2016 ဆုရှင် အိုင်းရစ်ဟာဆိုရင်တော့ အသက်၂၃နှစ်အရွယ် ပြင်သစ်မော်ဒယ်တစ်ယောက်ဖြစ်ပြီး သွားဆရာဝန်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ အိုင်းရစ်ရဲ့ မိဘနှစ်ပါးကတော့ သူမ အသက်သုံးနှစ်အရွယ်ကတည်းက ကွဲကွာသွားခဲ့ကြပြီး အကိုတစ်ယောက်နဲ့ ညီမနှစ်ယောက်ရှိတာပါ။ အိုင်းရစ်ကတော့ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ ၆၅ ကြိမ်မြောက် Miss Universe ပွဲမှာ သူ့နိုင်ငံရဲ့ ဒုတိယေမြောက် မယ်စကြာင်္ဝဋာဆုကို အရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

Category

🗞
News
Comments

Recommended