တရုတ် နှစ်သစ်ကူးကို ကြိုဆိုဖို့ ရည်ရွယ်ထုဆစ်ထားတဲ့ တစ်မီလီမီတာအရွယ် ကြက်ရုပ်လေး

  • 7 years ago
တရုတ် ပြက္ခဒိန်အရ ကြက်နှစ်အဖြစ် ကျရောက်မယ့် နှစ်သစ်ကို ကြိုဆိုဖို့ ထိုင်ဝမ် ပန်းပုပညာရှင် တစ်ယောက်က အင်မတန် သေးငယ်တဲ့ ကြက်ရုပ်လေးတစ်ခုကို လက်စွမ်းပြ ထုလုပ်ခဲ့ပါတယ်။ ချန်ဖွန်ရှန်းဟာ သေးသေးကွေးကွေး ရုပ်တုလေးတွေကို အနုစိတ် ဖန်တီးထုလုပ်ရာမှာ ကျွမ်းကျင်တဲ့ အနုပညာရှင် တစ်ယောက်ပါ။ ဒါပေမဲ့ အခုကြက်ရုပ်လေးကတော့ အရှည်ဆုံး အပိုင်းမှာတောင် ၁ မီလီမီတာလောက်သာ ရှိတဲ့အပြင် ပုံရိပ်ချဲ့ မှန်ဘီလူးနဲ့ ကြည့်တာတောင် အတော်လေး သေးငယ်နေဆဲ ဖြစ်ပါတယ်။ ဒီကြက်ရုပ်လေးကို စိတ်ရှည်ရှည်နဲ့ ခဲရာခဲဆစ် ထုဆစ်ခဲ့ရတယ်လို့ ချန်က ဝန်ခံပါတယ်။ သူ့ဘဝတလျှောက် အနုပညာ လက်ရာမြောက်လှတဲ့ သေးငယ်တဲ့ ပန်းပုရုပ်တုလေး ၂၀၀ နီးပါးလောက် ဖန်တီးခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

Recommended