Skip to playerSkip to main content
  • 8 years ago
မြို့တွင်းပတ် ယာဉ်လိုင်းတစ်ခုဖြစ်တဲ့ YBS ၅၇ ယာဉ်လိုင်းကို ယာဉ်အစီးရေ ၃၀ နဲ့ ပြေးဆွဲပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ခရီးသည်တွေ အဆင်မပြေမှုရှိခဲ့တဲ့ အတွက် ၅၆ ယာဉ်လိုင်းက ကားတွေနဲ့ အားဖြည့်ပြေးဆွဲပေးနေတာဖြစ်တယ်လို့ YBS ၅၇ ယာဉ်လိုင်းဂိတ်မှူးတစ်ဦး ဖြစ်တဲ့ ကိုထက်ကိုက ပြောပါတယ်။ ခရီးသည်တွေများပြီး ကားလိုအပ်ရင် ကားအစီးရေ ထပ်တိုးဖို့ရှိပြီး ဒီကနေ့မှာ နံနက် ၅ နာရီ ၃၀ မိနစ်ကနေ ည ၈ နာရီ ၃၀ မိနစ် အထိ ပြေးဆွဲဖို့ စီစဉ်ထားတယ်လို့လဲ သိရပါတယ်။ လက်ရှိ ၅၆ ယာဉ်လိုင်းကို အစီးရေ ၃၅ စီးနဲ့ ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37