ထရမ့်နဲ့ လွှတ်တော်အမတ် လူးဝစ်တို့ကြား စကားလုံးတိုက်ပွဲတွေ ပြင်းထန်
  • 7 years ago
အမေရိကန် ရွေးကောက်ခံ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်နဲ့ လွှတ်တော်အမတ် ဂျွန်လူးဝစ်တို့ကြား စကားလုံး တိုက်ပွဲတွေက ပိုမိုပြင်းထန်လာပါတယ်။ အာဖရိကန်နွယ်ဖွား အမေရိကန် လူ့အခွင့်အရေးဝါဒီ လူးဝစ်က ထရမ့်ကို ဆန္ဒပြတဲ့ အနေနဲ့ ဇန်နဝါရီ ၂၀ မှာ ကျင်းပတဲ့ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်မှာ မဟုတ်ကြောင်း ကြေညာပါတယ်။ ဒီလို ဆုံးဖြတ်တာဟာ သူ့ရဲ့ လွှတ်တော်အမတ် သက်တမ်းတလျှောက် အထင်ကရ နိုင်ငံရေး အခမ်းအနား တစ်ခုကို ပထမဆုံးအကြိမ် ရှောင်လွှဲမှု ဖြစ်တယ်လို့ လူးဝစ်က ပြောပါတယ်။ Fox သတင်းဌာနရဲ့ အဆိုအရ အမေရိကန် သမ္မတသစ်အဖြစ် ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုမှုကို ဒီမိုကရက်ပါတီက အမတ် ၅၈ ဦးထိ တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
Recommended