Skip to playerSkip to main contentSkip to footer
  • 8 years ago
YBS စနစ်သစ်စပြီး အသားမကျသေးခင် ငါးရက်အထိ ယာဉ်ကြောခက်ခဲလို့ လူစုလူဝေး ဖြစ်နေတဲ့ နေရာတွေမှာ နာရေးကူညီမှု အသင်းကနေ လေအိတ်ကားကြီးတွေနဲ့ အခမဲ့ ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။ YBS စနစ် စတင်တဲ့ ၁၆ရက်နေ့ကလည်း နာရေးကူညီမှု အသင်း အနေနဲ့ YBS ယာဉ်လိုင်းကားတွေ နည်းပါးတဲ့၂၉ လမ်းကြောင်း၊ ၂၈ လမ်းကြောင်း၊ ၅၅ လမ်းကြောင်းအတိုင်း ပြေးဆွဲပေးခဲ့ပါတယ်။ နောက်ပြီး မနေ့ကလည်း အဓိက ခရီးသွားပြည်သူများတဲ့ ဆူးလေ၊ စံပြဈေး၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ အ၀ိုင်းတွေမှာ အဝေးပြေးလေအိတ်ကား ၁၂ စီးနဲ့ တစ်ရက်တာလုံးမှာ အခေါက်ရေပေါင်း ၂၈ ခေါက်အထိ ပြေးဆွဲပေးခဲ့ပါတယ်။
ရုပ်သံသတင်းထောက် - အလှလေး သူဇာ

Category

🗞
News

Recommended

15:37