Skip to playerSkip to main contentSkip to footer
  • 8 years ago
၂၀၁၇ အတွက် ဘေဂျင်းမြို့တော်ရဲ့ လေထု သန့်စင်မှု စံနှုန်း ရည်မှန်းချက်ကို ထုတ်ပြန်ခဲ့ရာမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကျန်းမာရေးအတွက် မသင့်တော်ကြောင်း သတ်မှတ်ထားတဲ့ ညစ်ညမ်းမှုထက် နှစ်ဆကျော် ပိုမိုများပြားနေဆဲလို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ မြို့တော်ဟာ စက်မှုလုပ်ငန်းတွေနဲ့ မော်တော်ယာဉ်တွေက ထွက်ပေါ်လာတဲ့ ဓာတ်ငွေ့မီးခိုးတွေကြောင့် လေထုညစ်ညမ်းမှုတွေ ကြုံနေခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာတော့ ဘေဂျင်းရဲ့ လေထုညစ်ညမ်းမှုဟာ အမှုန်အမွှားပါဝင်မှု ပျမ်းမျှ ၇၃ မိုက်ခရိုဂရမ်လောက် ရှိခဲ့ပြီး အဲဒီမတိုင်ခင်နှစ်ကတော့ ၇၆.၆ မိုက်ခရိုဂရမ်ထိ ဆိုးရွားခဲ့ကြောင်း သိရပါတယ်။

Category

🗞
News

Recommended

15:37