Skip to playerSkip to main content
  • 8 years ago
အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ်မှာ ပါဝင်ပြေးဆွဲဖို့ လာလျှာက်တဲ့ ကားအရေအတွက်ဟာ အများပိုင် ကုမ္ပဏီရှစ်ခုရဲ့ ကားတွေ အပါအဝင် ကားစီးရေ ၂၈၀၀ကျော်ရှိပြီဖြစ်ပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင် စုပေါင်းရုံးမှာ လျှောက်လွှာတွေကို ဒီလ ၇ ရက်က စလက်ခံနေတာဖြစ်ပြီး တခြားယာဉ်အိုယာဉ်ဟောင်း အပ်နှံတာတွေအပြင် YBS မှာ စတင်ပြေးဆွဲဖို့ အတွက် ယာဉ်မောင်း ယာဉ်နောက်လိုက် နေရာတွေ လာရောက်လျှောက်ထားနေကြတာကိုလည်း တွေ့ရပါတယ်။ သယ်ယူပို့ဆောင်ရေး စနစ်သစ်မှာ ပါဝင် အလုပ်လုပ်ကိုင်ချင်တဲ့ ဝန်ထမ်းဖောင် အရေအတွက်ကတော့ ၇၀၀လောက်ရှိတယ်လို့ သိရပါတယ်။ ပါဝင်လုပ်ကိုင်လိုတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် လျှောက်လွှာတွေကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က စိစစ်ရွေးချယ်သွားမှာဖြစ်ပြီး သင့်တော်ရာ ရာထူးတွေ ခန့်အပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ရုပ်သံသတင်းထောက်- လွင်သဲငယ်ဦး

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37