Skip to playerSkip to main content
  • 8 years ago
တေးသံရှင်နန်းခင်ဇေယျာရဲ့ ပထမဆုံးအကြိမ် Non-stop အခွေထဲက အိမ်ပြန်ချိန် အရွာတိတ်ပါမိုး သီချင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို လက်ခံကြိုဆိုတယ်လို့ နန်းခင်ဇေယျာက ဆိုပါတယ်။
Non-stop DVD အခွေကို ဒီဇင်ဘာ ၂၅ ရက်က Bo Bo Music Production ကနေ တစ်နိုင်ငံလုံး ဖြန့်ချိခဲ့တာဖြစ်ပြီး ပရိသတ်အားပေးမှုတွေရှိခဲ့သလို ဝေဖန်မှုတွေလည်းရှိခဲ့တာပါ။
နန်းခင်ဇေယျာအနေနဲ့ သူ့အခွေအတွက်အကောင်းဆုံးကြိုးစားခဲ့သလို လွတ်လပ်ရေးမရခင်ခေတ်ပုံစံရိုက်ကူးထားတဲ့ အိမ်ပြန်ချိန် အရွာတိတ်ပါမိုး သီချင်းနဲ့ ပတ်သက်ပြီး အားပေးဝေဖန်ကြတဲ့ ပရိသတ်တွေကို အမြဲတမ်းကြိုဆိုနေတယ်လို့ ဆိုပါတယ်။
Miss Myanmar International 2012 အလှမယ်ကနေ လက်ရှိမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လှုပ်ရှားနေတဲ့ နန်းခင်ဇေယျာအနေနဲ့ နောက်ပိုင်းမှာလည်း သရုပ်ဆောင်တစ်ယောက်သာမက ဂီတဘက်ပါ ဆက်လက်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37