ဒိုင်နာ၊ ဘီအမ် နဲ့ စီးတီးဘတ်စ်တွေကို သုံးလအချိန်ပေးလိုက်ပြီး လောလောဆယ် ပြန်ပြေးဆွဲခွင့်ပြုလိုက်ပါပြီ။ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ဘီအမ်နဲ့ ဒိုင်နာယာဉ်ပိုင်ရှင်တွေကို ဒီကနေ့ညနေပိုင်းက တောင်ဒဂုံက အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများ စီမံခန့်ခွဲရေးဌာနမှာ တွေ့ဆုံပြီး ပြောခဲ့တာပါ။ အရင်က ၁၉၉၅မော်ဒယ်အောက် ကားတွေကို ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲခွင့် မပြုတော့ဘဲ စလစ်အပ်ဖို့ ဒါမှမဟုတ် အခြားလုပ်ငန်းပြောင်းသုံးစွဲဖို့ တိုင်းအစိုးရက ထုတ်ပြန်ခဲ့တာပါ။ အများပိုင်ယာဉ်လိုင်းစတင်ပြေးဆွဲမှု ဟာ လာမယ့် ၁၆ရက်နေ့က စတော့မှာပါ။ ဒီယာဉ်လိုင်းပြေးဆွဲမယ့် လမ်းကြောင်းကတော့ လက်ရှိအချိန်ထိ လမ်းကြောင်း ၆၀ ရှိနေပါတယ်။
ရုပ်သံသတင်းထောက်- မြတ်သီဟမောင်
Comments