Skip to playerSkip to main contentSkip to footer
  • 8 years ago
ရွှေတိဂုံစေတီတော်မှာ ရွှေတစ်ကျပ်သား ရွှေပြားကပ်လှူဖို့ ဈေးနှုန်းပြောင်းလဲသတ်မှတ် လိုက်ပေမယ့် လာရောက်လှူတန်းသူ လျော့နည်းသွားတာ မရှိဘူးလို့ စေတီတော်ဂေါပကအဖွဲ့က ဆိုပါတယ်။ အရင်က ရွှေတစ်ကျပ်သားလှူရင် ကျပ်ငွေ ၆သိန်းတစ်သောင်း သာကောက်ခံခဲ့ပေမယ့်ရွှေဈေး တက်လာတာကြောင့် ကျပ် ၈ သိန်းတစ်သောင်း တိုးမြှင့် သတ်မှတ်လိုက်တာပါ။ ဒီလိုရွှေစင်ရွှေပြားအပြင် ရွှေတိဂုံစေတီတော်ကို ၇ ရက်သားသမီးတွေ လှူဒါန်းထားတဲ့ ကုဋေ ၅ထောင့်ငါးရာကျော် ငွေသားတွေလည်းရှိပြီး ဘဏ်မှာ အပ်နှံထားတာ ဖြစ်ပါတယ်။ ဘုရားမှာဖွင့်တဲ့ဈေးဆိုင်တွေက ရတဲ့ငွေကိုတော့ ရုံးအဖွဲ့လစာ ကုန်ကျစရိတ် အတွက် အသုံးပြုတယ်လို့ သိရပါတယ်။

Category

🗞
News

Recommended

15:37