Skip to playerSkip to main content
  • 9 years ago
မီးလောင်ခဲ့တဲ့ မင်္ဂလာဈေးပြန်တည်ဆောက်ဖို့ တိကျတဲ့ အဖြေ မသိရသေးတာကြောင့် မင်္ဂလာဈေး ဈေးသူဈေးသားတွေက ဒီကနေ့ မြို့လည်က မဟာဗန္ဓုလပန်းခြံမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မင်္ဂလာဈေး မီးလောင်ဆုံးရှုံးခဲ့မှု တစ်နှစ်ပြည့် အခမ်းအနားကိုလည်း ပူးတွဲ ကျင်းပခဲ့တာပါ။ ဈေးသစ် အမြန်တည်ဆောက်ပေးရေး၊ ဈေးသစ်ဆောက်ရာမှာ အထပ်မြင့် မဆောက်ရေး၊ ဈေးကိုယ်စားလှယ်တွေကို တာဝန်ရှိသူတွေက အမြန်ဆုံးခေါ်ယူတွေ့ဆုံရေး စတဲ့ ကြွေးကြော်သံတွေနဲ့ လူဦးရေ (၄၀၀)နီးပါးက ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဇန်န၀ါရီ ၉ ရက် နံနက် ၁ နာရီခန့်မှာ မင်္ဂလာဈေး တတိယထပ်မှ စတင်ကာ မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်း ပေါင်း ၁,၆၃၆ ခန်း ပျက်စီးဆုံးရှုံးခဲ့ရာ ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း သုံးသိန်းခြောက်သောင်းကျော် ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ရုပ်သံသတင်းထောက်- မြတ်သီဟမောင်

Category

🗞
News
Comments

Recommended