Skip to playerSkip to main contentSkip to footer
  • 8 years ago
အများပိုင်ယာဉ်လိုင်းမှာ ဝင်ဆွဲလို့မရတဲ့ ၁၉၉၅ မော်ဒယ်အောက်ကားတွေဖြစ်တဲ့ ဘီအမ်၊ မီနီဘတ်စ်၊ စီးတီးဘတ်စ်နဲ့ဒိုင်နာယာဉ်တွေအတွက် ရွေးချယ်ခွင့်၃မျိုးပေးမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ အဲဒီလိုရွေးချယ်ခွင့်ပေးဖို့ အတွက် ရန်ကုန်တိုင်း လျှပ်စစ်၊စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ညွှန်ကြားထားတယ်လို့ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးဖြစ်သူ ကိုတရုတ်လေးက ပြောပါတယ်။ အများပိုင် ယာဉ်လိုင်းပြေးဆွဲဖို့ အတွက် အစိုးရက ကုမ္ပဏီ ၈ခုကိုရွေးချယ်မှာဖြစ်ပြီး အစိုးရ အပါအဝင် တစ်ဦးချင်း ယာဉ်လိုင်းပိုင်ရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်

Category

🗞
News

Recommended

15:37