Skip to playerSkip to main content
  • 8 years ago
မြေငလျင်ဘေး၊ မီးဘေး အန္တရာယ်တွေ ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ဘေးအန္တရာယ်ဖြစ်လာရင် လုပ်ရမှာတွေကို အခြေခံ ပြည်သူလူထုတွေထိ ပျံ့နှံ့အောင် ကြက်ခြေနီနဲ့ အစိုးရက လုပ်ဆောင်နေပါတယ်။ ဆိုက္ကားတွေက ကူရှင်တွေမှာ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ဖို့ သတိပေးချက်တွေ၊ စတစ်ကာတွေ လိုက်ဖြန့်ဝေနေတာပါ။ ရန်ကုန်မြို့မှာ သဘာဝ ဘေးအန္တရာယ် အများဆုံး ကြုံတွေ့နိုင်တဲ့ မြို့နယ်တွေကို ရွေးချယ်လုပ်တာဖြစ်ပြီး ဗဟန်း၊ စမ်းချောင်း၊ ကမာရွတ်၊ တာမွေမြို့နယ်တွေက ဆိုက္ကားဂိတ်တွေမှာ ဖြန့်ဝေသွားမယ်လို့ ကြက်ခြေနီအသင်း တာဝန်ရှိသူက ပြောပါတယ်။ သဘာဝဘေး ကာကွယ်ရေး အတွက် ဟောပြောဆွေးနွေးမှုတွေကို စာသင်ကျောင်းတွေမှာလည်း လုပ်ဆောင်ဖို့ ရှိနေပြီး ယခုလ အတွင်းမှာ ကမာရွတ်မြို့နယ်ထဲက ကျောင်းနှစ်ကျောင်းမှာ လုပ်သွားမယ်လို့ သိရပါတယ်။


ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37