Skip to playerSkip to main content
  • 8 years ago
၂၀၁၇ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ တူနာငါး လေလံပွဲမှာ အမေရိကန်ဒေါ်လာ ခြောက်သိန်းကျော်ထိ ရရှိခဲ့ကြောင်း သိရပါတယ်။ ဆူကီဂျီ ငါးဈေးမှာ ၂၀၁၇ အတွက် ပထမဆုံး တူနာငါး လေလံပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး ဆူးတောင်ပြာ တူနာငါး ၂၁၂ ကီလိုဂရမ် အတွက် တိုကျိုက နာမည်ကြီး ဆူရှီဆိုင်ဖြစ်တဲ့ ဆူရှီဇန်မိုင်က ယန်းငွေ ၇၂ သန်းနဲ့ ဈေးအမြင့်ဆုံးပေးပြီး ဝယ်ယူသွားပါတယ်။ ဒီငွေပမာဏဟာ ဒေါ်လာ ခြောက်သိန်းတစ်သောင်းလေးထောင်လောက်နဲ့ ညီမျှပါတယ်။ ဂျပန်မှာ တူနာငါးတွေကို အဖွင့်လေလံပွဲမှာ ဝယ်ယူခွင့် ရတဲ့သူတွေက ကုန်တိုက်တွေကိုပါ လက်ဆင့်ကမ်း ဖြန့်ချိဖို့ ဈေးကွက်ထဲမှာ အသာစီး ယူလာနိုင်တာကြောင့် ပုံမှန်အားဖြင့် နှစ်အစပိုင်း ပထမဆုံး လေလံပွဲတွေမှာ ဈေးကြီးပေး ဝယ်ယူမှုတွေ ပိုမိုများပြားတယ်လို့လည်း သိရပါတယ်။

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37