Skip to playerSkip to main contentSkip to footer
  • 8 years ago
ဒီကနေ့ဟာ ကမ္ဘာ့ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။ ဒါကတော့ အရှေ့ဒဂုံမှာရှိပြီး ဒေါ်ဖြူဖြူသင်း ဦးဆောင်တည်ထောင်ခဲ့တဲ့ NLD AIDS စင်တာ ဖြစ်ပါတယ်။ ဒီပြုစုစောင့်ရှောက်ရေး ဂေဟာမှာ နေရေးထိုင်ရေး လိုအပ်ချက်က အဓိက ဖြစ်တယ်လို့ ဂေဟာက တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးမြင့်ဇော်ကပြောပါတယ်။ အဲဒီ့ဂေဟာမှာ အိတ်ခ်ျအိုင်ဗီပိုးရှိသူတွေရော သူတို့ရဲ့မိသားစုဝင်တွေပါနေထိုင်ကြတာဖြစ်ပြီး စုစုပေါင်း နေထိုင်သူ ၁၆၀ ရှိပါတယ်။ ဒီနေ့လို World AIDS Day နေ့မျိုးမှာတော့ အာဟာရဒါန လာရောက်လှူဒါန်းသူတွေ ရှိပေမယ့် ကျန်ရှိတဲ့ ရက်တွေမှာဂေဟာရဲ့အစီစဉ်နဲ့သာ စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Category

🗞
News

Recommended

15:37