Skip to playerSkip to main content
  • 8 years ago
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲတပ်သားသစ် လေ့ကျင့်ရေး သင်တန်းကျောင်းကို မုံရွာမြို့ မှာ နိုဝင်ဘာလ ၂၁ရက်နေ့ စတင်ဖွင့်လှစ်မယ်လို့ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးချင်းစိန် ကပြောကြားခဲ့ပါတယ် ။

မုံရွာမြို့မှာ ပထမဆုံးအကြိမ်ဖွင့်လှစ်မယ့် ရဲတပ်သားသစ် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးက သင်တန်းသား ၆၅ဦးနဲ့ ချင်းပြည်နယ်က သင်တန်းသား ၃၀ကျော် စုစုပေါင်း ရဲတပ်သားသစ်သင်တန်းသား ၁၀၀ခန့် တက်ရောက်မှာ ဖြစ်ပါတယ်။

ရဲတပ်သားသစ် သင်တန်းတက်ရောက်မယ့်သူတွေက အခြေခံ ပညာအရည်အချင်း ရှစ်တန်းအောင်က စပြီး တက်ရောက်လို့ရပြီး ၁၀တန်းအောင် ဘွဲ့ရတွေလည်းတက်ရောက်လို့ ရတယ်လို့ သိရပါတယ်။

ရဲတပ်သားသစ်လေ့ကျင့်ရေးသင်တန်းကျောင်းက အခြေခံစစ်ရေးပြ၊ လက်နက်မဲ့ စစ်ရေးပြ၊ လက်နက်ဖြင့် စစ်ရေးပြ၊ကြံ့ခိုင်ရေး၊ ဥပဒေဘာသာရပ်နှင့် ပြည်သူဗဟိုပြုရဲလုပ်ငန်း ဘာသာရပ်တွေ အဓိက သင်ကြားပို့ချမှာပါ အရင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်သားသစ်လေ့ကျင့်ရေးသင်တန်းကျောင်း ၄ခုသာရှိခဲ့ပေမယ့် ယခုနှစ်အတွင်းမှာ နေပြည်တော်အပါအ၀င် တိုင်းနှင့်ပြည်နယ် ၁၅ခုတွင် ရဲတပ်သားသစ် လေ့ကျင့်ရေး သင်တန်းကျောင်းတွေကို ဖွင့်လှစ်နေတာပါ ။

နိုဝင်ဘာ ၁၅ရက်နေ့က ၇ခုကို ဖွင့်လှစ်ခဲ့ပြီး လာမည့် ၂၁ရက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီးအပါအ၀င် တိုင်းနှင့်ပြည်နယ် ၅ခုမှာ ဖွင့်လှစ်သွားမှာပါ ။

ဧရာဝတီ၊ကရင်နှင့် ချင်းပြည်နယ်တို့မှာတော့ ရဲတပ်သားသစ်သင်တန်းကျောင်းတွေကို လတ်တလော ဖွင့်လှစ် နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ် ။

ရုပ်သံသတင်းထောက်- မျိုးမင်းဦး

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37