မကွေးမှာ ကုန်တင်ကားကြီးတွေ မူလအတိုင်း ကုန်တင်ကုန်ချလုပ်နိုင်ဖို့
  • 7 years ago
ကုန်စည်စီးဆင်းမှုနဲ့ ပတ်သက်ပြီး ကုန်တင်ကားကြီးတွေ မူလအတိုင်း ကုန်တင်ကုန်ချပြုလုပ်နိုင်ရေး အတွက် မကွေးမြို့ပေါ်မှာရှိတဲ့ လုပ်ငန်းရှင် အစုအဖွဲ့ပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ (၁၂)ရက်နေ့က ကုန်သည်ကြီးများ အသင်း ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ မကွေးမြို့တွင်းမှာ ကုန်တင်ကားကြီးတွေ ၀င်ရောက်ပြီး ကုန်တင်ကုန်ချ ပြုလုပ်တာကြောင့် ယာဉ်ကြောပိတ်ဆို့တာ လမ်းတွေပျက်စီးတာနဲ့ ပတ်သက်ပြီး မြို့ပြအင်္ဂါရပ်နဲ့ အညီ ကုန်တင်ကားကြီးတွေ ကုန်တင်ယာဉ် ကားကြီးကွင်းမှာသာ ရပ်နားသင့်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တင်ပြခဲ့တာပါ။ ကုန်တင်ကားကြီးတွေ မူလအတိုင်း ကုန်တင်ကုန်ချ ပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းရှင်အစုအဖွဲ့တွေ အပါအ၀င် ဆက်နွယ်လုပ်ငန်းလုပ်ကိုင်ကြတဲ့ မြို့ပေါ်နဲ့ ကျေးရွာတွေက ပြည်သူတွေရဲ့ လက်မှတ်တွေနဲ့တကွ ၀န်ကြီးချုပ်ကို တင်ပြသွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - မိုးကျော်
Recommended