Skip to playerSkip to main content
  • 8 years ago
လူသားသေဒဏ် လက်မခံဆိုတဲ့ ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ ဓာတ်ပုံပြပွဲတစ်ခုကို ရန်ကုန်မြို့ရှိမြန်မာပလာဇာမှာ ပြုလုပ်နေပါတယ်။
အဲဒီ့ဓာတ်ပုံပြပွဲက လူသားတွေ သေဒဏ်ပေးမှု ခံရတာကို ဖျက်သိမ်းဖို့အတွက် ပညာပေးလှုံ့ဆော်မှု အနေနဲ့ ပြုလုပ်တာပါ။ အာဆီယံနိုင်ငံတွေမှာ သေဒဏ်ပေးခြင်း ဖျက်သိမ်းရေး ညွန့်ပေါင်းအဖွဲ့နဲ့ လူငယ်နှင့် လူမှုသဟဇာတ ဖြစ်ရေးစင်တာတို့ ပူးပေါင်းပြုလုပ်တာ ဖြစ်ပါတယ်။ အဲဒီ့ ဓာတ်ပုံပြပွဲကိုနိုဝင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ ပြုလုပ်မှာဖြစ်ပြီးနိုဝင်ဘာ ၁၃ ရက်မှာ လူတစ်ယောက်ကို ပြစ်မှုတစ်ခုခုကြောင့် သေဒဏ်ပေးသင့် မပေးသင့်ဆိုတဲ့ ဆွေးနွေးပွဲတစ်ခုကိုလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက်- အိမ့်မြတ်နိုးဇော်

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37