Skip to playerSkip to main content
  • 8 years ago
၂၀၁၄ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ မြေယာအသုံးချမှုဥပဒေဟာ ဥပဒေရဲ့ အားနည်းချက်တွေရှိနေတဲ့အပြင် ဥပဒေ အသက်မဝင်တာကြောင့် လယ်ယာမြေပြဿနာတွေ ဖြေရှင်းရာမှာ အခက်အခဲဖြစ်ပေါ်နေ ဆဲဖြစ်တယ်လို့ ရှမ်းပြည်နယ် စီမံကိန်းနဲ့စီးပွားရေး ၀န်ကြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးညွှန့်လွင် ကပြောဆိုလိုက်ပါတယ်။
အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့တဲ့ ချယ်ရီသက်သေ သိမ်းဆည်းမြေဆိုတဲ့
မြေယာပြဿ နာလေ့လာတင်ပြမှု အစီရင်ခံစာပွဲမှာ ၀န်ကြီးက ပြောကြားခဲ့တာပါ။ အင်တာဗျုးဖိုင်တွေပါပါတယ်။
လယ်ယာမြေပြဿနာဟာ နှစ်ပေါင်းများစွာဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေဖြစ်နေတဲ့အတွက် တစ်ထိုင်တည်းနဲ့ တစ်ကြိမ်ထဲနဲ့
ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ၀န်ကြီးကဆိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့အားနည်းချက်တွေကြောင့်လည်း လယ်မြေပြသနာဖြေရှင်းရာမှာ ခက်ခဲနေဆဲလို့ ၀န်ကြီးကဆိုပါတယ်။ ချယ်ရီသက်သေ သိမ်းဆည်းမြေအစီရင်ခံစာပွဲကို Ethnic Peace Resources Project အဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပြီးတော့ ရှမ်းပြည်နယ်အတွင်းခြောက်လတာ ကွင်းဆင်းလေ့လာခဲ့တဲ့ မြေယာပြဿနာအချက် အလက်တွေကို အစီရင်ခံစာထုတ်ပြန်ပေးတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ
လေ့လာအစီရင်ခံစာအရ သိမ်းဆည်းမြေဧက တစ်သောင်းတစ်ထောင်ကျော်အထိရှိနေပြီး လေ့လာမှုမပြုလုပ်ရသေးတဲ့
မြေယာပြဿနာတွေလည်း အများကြီးရှိနေသေးတယ်လို့ သိရပါတယ်။

(တောင်ကြီးသတင်းထောက် ဂျွန်ချစ်ငြိမ်း ရိုက်ကူးတင်ဆက်ထားပါတယ်)

Category

🗞
News
Comments

Recommended