Skip to playerSkip to main content
  • 8 years ago
သရက်သီးသီးချိန် ရခိုင်မှာ ရွန်နုမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် အပင်ထက်ရှိ သရက်သီးတွေကြွေကျပျက်စီးခဲ့တာကြောင့် မောင်တောနယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်ကို သရက်သီးတင်ပို့ရမှု နည်းနေတယ်လို့ သိရပါတယ်။ ရခိုင်ဒေသထွက် ရင်ကွဲသရက်သီးတွေကို မောင်တောနယ်စပ်က ဘင်္ဂလားဒေ့ရှ်ဈေးကွက်ကို လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က တန်ချိန်ရာချီပြီးတော့ တင်ပို့ခဲ့ရပမယ့် နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်က အ၀ယ်နည်းလာခြင်း၊ သရက်သီးအထွက်နည်းခြင်းတို့ကြောင့် နယ်စပ်ကုန်သွယ်ရေးကနေတဆင့် တင်ပို့ ရမှုနည်းလာတာဖြစ်တယ်လို့ ကုန်သွယ်သူတွေက ပြောပါတယ်။ လက်ရှိ မောင်တောနယ်စပ်ဈေးကွက်မှာ ရင်ကွဲသရက်သီးတစ်လုံးကို ငါးဆယ်၊ တစ်ရာကျပ်ရှိနေပြီးတော့ တပိုင်တနိုင်ကုန်သွယ်သူတွေ ဘင်္ဂလားဒေ့ရှ်ဈေးကွက်ကို တင်ပို့ရောင်းချနေတယ်လို့ သိရပါတယ်။

Category

🗞
News
Comments

Recommended