မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ထားတဲ့ ထိုင်ဝမ် နိုင်ငံ E-Sun ဘဏ်ဟာ မကြာခင်အချိန်အတွင်း ထိုင်ဝမ်က ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလုပ်ကိုင်ကြဖို့ ဆွဲဆောင်သွားမယ်လို့ E-Sun ဘဏ်၊ E-Sun ဘဏ္ဍာရေးဦးပိုင်ကုမ္ပဏီလီမိတက်ရဲ့ ဥက္ကဌဖြစ်သူ မစ္စတာ ဂျိုးဆက် ဟွန်းက MRTV စီးပွားရေးသတင်း အစီအစဉ်ကို ပြောဆိုလိုက်ပါတယ်။ ပြည်တွင်းက လုပ်ငန်းတွေကို ငွေကြေးအရင်းအနှီးပေးဖို့ဆိုတာကတော့ လက်ရှိ ဗဟို ဘဏ်ကနေ သူတို့ကို ကန့်သတ်ထားတယ်လို့ပါပြောပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်နဲ့ သူတို့ရဲ့ ဆက်ဆံရေးက ကောင်းမွန် လျက်ရှိနေတယ်ဆိုတာကိုလည်း ဥက္ကဌ မစ္စတာ ဂျိုးဆက် ဟွန်းက ပြောဆိုထားပါတယ်။ အဲဒီအကြောင်းအရာတစ်ချို့ကို တော့ ကိုအောင်သူရက တွေ့ဆုံမေးမြန်းထားပြီး ပြန်ပြောပေးထားပါတယ်။
Comments