မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်အတွင်းမှာရှိတဲ့ ဓမ္မာရုံတခုအတွင်းက အသံချဲစက်နဲ့ ပဌာန်းရွတ်ရာ သုံးတဲ့ မိုက်ကြိုးကို ဆွဲဖြုတ်ခဲ့တဲ့ ဟော်လန်နိုင်ငံသားကို အောက်တိုဘာလ ၄ ရက်နေ့မှာ မြို့နယ်တရားရုံးက စွဲချက်တင်လိုက်ပါတယ်။
စက်တင်ဘာလ ၂၃ ရက်နေ့ ည ၁၀ နာရီကျော်အချိန်က ဟော်လန်နိုင်ငံသားဟာ မဟာအောင်မြို့နယ်အတွင်းက ဓမ္မာရုံက ဖွင့်ထားတဲ့ အသံချဲစက်နဲ့ ပဌန်းရွတ်နေတာကို ဆူညံလို့ဆိုပြီး ဓမ္မာရုံအတွင်းဝင်းပြီး အသံချဲ့စက်မိုက်ကြိုးကို ဆွဲဖြုတ်ခဲ့တာပါ။ နယ်သားလန်နိုင်ငံသား Mr.Klaas Haijtema က အသံချဲ့စက်ဖွင့်နေတဲ့ အဆောက်အအုံကို ဘာသာရေးအဆောက်အအုံတစ်ခုဖြစ်တယ်လိ့  မသိပဲ ကလေးလူငယ်တွေ သီဆိုနေတယ်လိ့  ထင်ခဲ့ကြောင်း ထွက်ဆိုထားပါတယ်။
အဲဒီ ဟော်လန်နိုင်ငံသားကို မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းက ၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၂၉၅၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝန်မူကြီးကြပ်ရေး (လတ်တလောပြဌန်းချက်များ) ပုဒ်မ ၁၃ အရ ရုံးချိန်း ၅ ကြိမ်မြောက်မှာ အမူဖွင့် အရေးယူ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။
DVB TV - 04.10.2016
Comments