FDA က ေဆးဆိုင္ေပါင္း ၂၀၀ ေက်ာ္ကို ေရွာင္တခင္စစ္ေဆးခဲ့စက္တင္ဘာ-၂၊၂၀၁၈အစားအေသာက္နဲ႕ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA)က ဒီႏွစ္ထဲမွာရန္ကုန္တိုင္းက ေဆးဆုိင္ေပါင္း ႏွစ

  • 6 years ago
FDA က ေဆးဆိုင္ေပါင္း ၂၀၀ ေက်ာ္ကို ေရွာင္တခင္စစ္ေဆးခဲ့

စက္တင္ဘာ-၂၊၂၀၁၈

အစားအေသာက္နဲ႕ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA)က ဒီႏွစ္ထဲမွာရန္ကုန္တိုင္းက ေဆးဆုိင္ေပါင္း ႏွစ္ရာေက်ာ္ကို ေရွာင္တခင္၀င္ေရာက္စစ္ေဆးခဲ့တယ္လို႕ သတင္းရရွိပါတယ္။

FDAရန္ကုန္ရုံးခြဲက တာ၀န္ရွိသူေတြ၊ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ၊ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ၊ျပည္သူ႕က်န္းမာေရးဦးစီးဌာန၊ စားသုံးသူေရးရာဦးစီးဌာန စတဲ့အဖြဲ႕ေတြက ျမိဳ႕နယ္အလိုက္ ေဆးဆိုင္ေတြကို ေရွာင္တခင္၀င္ေရာက္စစ္ေဆးေနတာျဖစ္ပါတယ္။

ေဆးဆုိင္ေတြကို စစ္ေဆးရာမွာ တရားမ၀င္ေဆး၀ါးေတြ ၊စပ္ေဆးေတြ ၊ျမန္မာႏိုင္ငံေဆး၀ါးမွတ္ပုံမတင္ထား တဲ့ေဆးေတြနဲ႕သက္တမ္းလြန္ေဆးေတြ ေရာင္းခ်မႈရွိ မရွိကို အဓိကထားစစ္ေဆးတာျဖစ္တယ္လို႕သိရပါတယ္။

FDAအေနနဲ႕ ေဆးဆိုင္ေတြကုိ ေရွာင္တခင္၀င္ေရာက္စစ္ေဆးမႈေတြ လုပ္ေနတဲ့အျပင္ ေဆးဆိုင္ပိုင္ရွင္ေတြနဲ႕ ေဆးဆိုင္ႀကီးၾကပ္သူေတြကို ေကာင္းမြန္တဲ့ေဆးဝါးေရာင္းခ်မႈက်င့္စဥ္( Good Pharmacy Practice )နဲ႕အညီ ေဆးဝါးေတြေရာင္းခ်ႏိုင္ဖို႕၊အမ်ိဳးသားေဆးဝါးဥပေဒပါ ေဆးဆိုင္ေတြက လိုက္နာ ရမည့္အခ်က္ေတြနဲ႕ပတ္သက္ၿပီး သိရွိဖို႕အတြက္ အသိပညာေပးေဟာေျပာပြဲေတြကိုလည္း ျမိဳ႕နယ္ အလိုက္ ေဆာင္ရြက္ေနတယ္လို႕သိရပါတယ္။

ရုပ္သံသတင္းေထာက္ - လြင္သဲငယ္ဦး

(Unicode)

FDA က ဆေးဆိုင်ပေါင်း ၂၀၀ ကျော်ကို ရှောင်တခင်စစ်ဆေးခဲ့

စက်တင်ဘာ-၂၊၂၀၁၈

အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ဒီနှစ်ထဲမှာရန်ကုန်တိုင်းက ဆေးဆိုင်ပေါင်း နှစ်ရာကျော်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

FDAရန်ကုန်ရုံးခွဲက တာဝန်ရှိသူတွေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန စတဲ့အဖွဲ့တွေက မြို့နယ်အလိုက် ဆေးဆိုင်တွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးနေတာဖြစ်ပါတယ်။

ဆေးဆိုင်တွေကို စစ်ဆေးရာမှာ တရားမဝင်ဆေးဝါးတွေ ၊စပ်ဆေးတွေ ၊မြန်မာနိုင်ငံဆေးဝါးမှတ်ပုံမတင်ထား တဲ့ဆေးတွေနဲ့သက်တမ်းလွန်ဆေးတွေ ရောင်းချမှုရှိ မရှိကို အဓိကထားစစ်ဆေးတာဖြစ်တယ်လို့သိရပါတယ်။

FDAအနေနဲ့ ဆေးဆိုင်တွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေ လုပ်နေတဲ့အပြင် ဆေးဆိုင်ပိုင်ရှင်တွေနဲ့ ဆေးဆိုင်ကြီးကြပ်သူတွေကို ကောင်းမွန်တဲ့ဆေးဝါးရောင်းချမှုကျင့်စဉ်( Good Pharmacy Practice )နဲ့အညီ ဆေးဝါးတွေရောင်းချနိုင်ဖို့၊အမျိုးသားဆေးဝါးဥပဒေပါ ဆေးဆိုင်တွေက လိုက်နာ ရမည့်အချက်တွေနဲ့ပတ်သက်ပြီး သိရှိဖို့အတွက် အသိပညာပေးဟောပြောပွဲတွေကိုလည်း မြို့နယ် အလိုက် ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Recommended