ကိုရီးယားမှာ Miss World ပြိုင်ပွဲဝင်မယ့် ရို့စလင်းက ဘာပြောခဲ့လဲ ဇူလိုင်-၅၊ ၂၀၁၈ကိုရီးယားနိုင်ငံမှာ ပြုလုပ်မယ့် Miss World Beauty Queen ပြိုင်ပွဲမှာ မြန်မာနု

  • 6 years ago
ကိုရီးယားမှာ Miss World ပြိုင်ပွဲဝင်မယ့် ရို့စလင်းက ဘာပြောခဲ့လဲ

ဇူလိုင်-၅၊ ၂၀၁၈

ကိုရီးယားနိုင်ငံမှာ ပြုလုပ်မယ့် Miss World Beauty Queen ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပါဝင် ယှဉ်ပြိုင်ဖို့ ကချင်တိုင်းရင်းသူ ရို့စလင်းက ဇူလိုင် ၄ ရက်ညမှာ ကိုရီးယားနိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။

ရို့စလင်းက Miss Universe Myanmar 2018 ပြိုင်ပွဲမှာ 4th Runner Up ဆုရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့စခန်းသွင်းလေ့ကျင့်မှုအစီအစဉ်တွေကို ဇူလိုင် ၅ ရက်ကနေစတင်ပြုလုပ်ရမှာဖြစ်ပြီး ပြိုင်ပွဲကိုတော့ ဇူလိုင် ၁၈ ည မှာ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

ဒီပွဲမှာ နိုင်ငံပေါင်း လေးဆယ်ကျော်က အလှမယ်တွေပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပြိုင်ပွဲပြင်ဆင်မှုတွေနဲ့ပတ်သတ်ပြီး ရို့စလင်းက အခုလိုပြောပြထားပါတယ်။

ရုပ်သံသတင်းထောက်- ဇွဲဥာဏ်

Recommended