ဆီးရီးယားႏုိင္ငံ၊ အေ႐ွ႕ဂူတားက သူပုန္တပ္ေတြ စတင္ဆုတ္ခြာ ဆီးရီးယား အစိုးရတပ္ေတြရဲ႕ ျပင္းျပင္းထန္ထန္ ထိုးစစ္ဆင္ တိုက္ခုိက္မႈေတြနဲ႔ ႀကံဳခဲ့ရတဲ့ေနာက္ အေ႐ွ႕ဂူတား ေဒ

  • 6 years ago
ဆီးရီးယားႏုိင္ငံ၊ အေ႐ွ႕ဂူတားက သူပုန္တပ္ေတြ စတင္ဆုတ္ခြာ

ဆီးရီးယား အစိုးရတပ္ေတြရဲ႕ ျပင္းျပင္းထန္ထန္ ထိုးစစ္ဆင္ တိုက္ခုိက္မႈေတြနဲ႔ ႀကံဳခဲ့ရတဲ့ေနာက္ အေ႐ွ႕ဂူတား ေဒသက သူပုန္တပ္ဖြဲ႕ေတြ စတင္ ဆုတ္ခြာေနၿပီလုိ႔ သိရပါတယ္။

မတ္ ၂၂ ရက္ကစလုိ႔ ဒမတ္စကက္ၿမိဳ႕ေတာ္ ဆင္ေျခဖံုးေဒသ အေ႐ွ႕ဂူတားက သူပုန္တပ္သားေတြနဲ႔ မိသားစုဝင္ေတြဟာ ဘတ္စ္ကား အစီး ၂၀ ေလာက္နဲ႔ စတင္ ထြက္ခြာသြားၾကပါတယ္။

႐ုရွားနဲ႔ ဆီးရီးယား အစိုးရ မဟာမိတ္တပ္ေတြရဲ႕ သီတင္းပတ္ အေတာ္မ်ားမ်ား ဗံုးႀကဲ တိုက္ခုိက္မႈေတြေၾကာင့္ အေ႐ွ႕ဂူတားမွာ ဆိုးဆိုးရြားရြား ပ်က္စီးမႈေတြ ျဖစ္ေပၚခဲ့သလို လူေပါင္း ေထာင္ခ်ီ ေသဆံုးခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ သူပုန္ေတြက ဆီးရီးယား အစိုးရနဲ႔ ညႇိႏိႈင္းၿပီး အေ႐ွ႕ဂူတားကေန ဆုတ္ခြာဖို႔ သေဘာတူခဲ့တာ ျဖစ္ပါတယ္။ မတ္ ၂၂ ရက္မွာ သူပုန္ ၃၀၀ ေက်ာ္ အပါအဝင္ လူေပါင္း ၁၂၀၀ ေလာက္ဟာ အေ႐ွ႕ဂူတားကို စတင္စြန္႔ခြာခဲ့ေၾကာင္း ဆီးရီးယားစစ္ဘက္က ေျပာပါတယ္။

ႏွစ္ဖက္ သေဘာတူညီမႈေတြအရ သူပုန္ ၁၅၀၀ နဲ႔ မိသားစုဝင္ ၆၀၀၀ ေလာက္ဟာ အေ႐ွ႕ဂူတားကေန အသုတ္လိုက္ ထြက္ခြာရမွာ ျဖစ္ပါတယ္။ အေ႐ွ႕ဂူတားကို ဆီးရီးယား သူပုန္အဖြဲ႕ခြဲ သံုးခုက ထိန္းခ်ဳပ္ထားခဲ့ေပမယ့္ အခုေတာ့ သံုးဖြဲ႕စလံုးက အစိုးရနဲ႔ ညႇိႏိႈင္းၿပီး ဆုတ္ခြာဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

Unicode

ဆီးရီးယားနိုင်ငံ၊ အရှေ့ဂူတားက သူပုန်တပ်တွေ စတင်ဆုတ်ခွာ

ဆီးရီးယား အစိုးရတပ်တွေရဲ့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့ရတဲ့နောက် အရှေ့ဂူတား ဒေသက သူပုန်တပ်ဖွဲ့တွေ စတင် ဆုတ်ခွာနေပြီလို့ သိရပါတယ်။

မတ် ၂၂ ရက်ကစလို့ ဒမတ်စကက်မြို့တော် ဆင်ခြေဖုံးဒေသ အရှေ့ဂူတားက သူပုန်တပ်သားတွေနဲ့ မိသားစုဝင်တွေဟာ ဘတ်စ်ကား အစီး ၂၀ လောက်နဲ့ စတင် ထွက်ခွာသွားကြပါတယ်။

ရုရှားနဲ့ ဆီးရီးယား အစိုးရ မဟာမိတ်တပ်တွေရဲ့ သီတင်းပတ် အတော်များများ ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် အရှေ့ဂူတားမှာ ဆိုးဆိုးရွားရွား ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့သလို လူပေါင်း ထောင်ချီ သေဆုံးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူပုန်တွေက ဆီးရီးယား အစိုးရနဲ့ ညှိနှိုင်းပြီး အရှေ့ဂူတားကနေ ဆုတ်ခွာဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ မတ် ၂၂ ရက်မှာ သူပုန် ၃၀၀ ကျော် အပါအဝင် လူပေါင်း ၁၂၀၀ လောက်ဟာ အရှေ့ဂူတားကို စတင်စွန့်ခွာခဲ့ကြောင်း ဆီးရီးယားစစ်ဘက်က ပြောပါတယ်။

နှစ်ဖက် သဘောတူညီမှုတွေအရ သူပုန် ၁၅၀၀ နဲ့ မိသားစုဝင် ၆၀၀၀ လောက်ဟာ အရှေ့ဂူတားကနေ အသုတ်လိုက် ထွက်ခွာရမှာ ဖြစ်ပါတယ်။ အရှေ့ဂူတားကို ဆီးရီးယား သူပုန်အဖွဲ့ခွဲ သုံးခုက ထိန်းချုပ်ထားခဲ့ပေမယ့် အခုတော့ သုံးဖွဲ့စလုံးက အစိုးရနဲ့ ညှိနှိုင်းပြီး ဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Recommended