"တိုက်ပွဲတွေနဲ့ပတ်သက်လို့ တအာင်းအဖွဲ့တွေရဲ့တောင်းဆိုမှု"

  • 7 years ago
တိုက်ပွဲတွေဖြစ်နေပြီး ကိုယ်ထူကိုယ်ထကျောင်းတွေဖွင့်လှစ်သင်ကြားခွင့် ပိတ်ပင်တာဆီးထားတာကြောင့် ကလေးထောင်ကျော် စာသင်ကြားခွင့်ဆုံးရှုံးနေရတယ်လို့ တအာင်းအဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်ပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/ SSA နဲ့ TNLA တို့နှစ်ဖွဲ့ကြားဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်တန့်ပြီး နှစ်ဘက်တွေ့ဆုံး ဆွေးနွေးမှုတွေ အမြန်ဆုံးဖော်ဆောင်ပေးဖို့ တအာင်းအဖွဲ့အစည်းတွေက ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းရှိ RCSS/ SSAတပ်များ အား အမြန်ဆုံးချက်ချင်းဆုတ်ခွာပေးဖို့နဲ့ အပြစ်မဲ့ ပြည်သူများတွေကိုနည်းမျိုးစုံနဲ့ အကြမ်းဖက်ပြီးဦးတည်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ကိုပါ တောင်းဆိုတာဖြစ်ပါတယ်။

Recommended